မိမိ ubuntu OS အတွက် လိုအပ်သော packages သည် အခြား ubuntu ကွန်ပျူတာတစ်လုံး နှင့် မတူနိုင်ပါ။ packages များ ပုံစံတူတင်ထားသော အခြေအနေ နှင့် အသစ်စက်စက်တင်ထားသော အခြေအနေမှလွဲရင်ပေါ့။ ထို့အတွက် မိမိစက်အတွက် လိုအပ်သော packages စာရင်းကို အရင်ထုတ်ယူရပါမည်။ ပြီးမှ ကြိုက်ရာကွန်ပျူတာတွင် သွား၍ download ပြုလုပ်နိုင်ပါသည်။
လိုအပ်သော packages များကို dependencies များပါ ပါလာအောင် download ပြုလုပ်နိုင်မှ မိမိစက်တွင် error ကင်းကင်းနှင့် install ပြုလုပ်နိုင် မည်ဖြစ်ပါသည်။
မိမိစက်အတွက် လိုအပ်သော package list ထုတ်ယူရန်အတွက်တော့ အင်တာနက် ရှိရပါမည်။ အင်တာနက်နှေးခြင်းကြောင့် packages အကုန်လုံး
download လုပ်တာထက် တော့ များစွာအဆင်ပြေပါလိမ့်မည်။
အောက်ပါအတိုင်း လုပ်ဆောင်လျှင် ရနိုင်ပါသည်။
ဥပမာ အသစ်စက်စက်တင်ထားသော Ubuntu OS အတွက် vlc , ubuntu-restricted-extras နှင့် wine ကို install ပြုလုပ်ချင်လျှင်
ပထမဦးစွာ
$ sudo apt-get update
လို့ terminal တွင်ရိုက်ပြီး enter ခေါက်ပါ။
ထိုအခါ ပထမဦးဆုံး database ကို update လုပ်ခြင်းဖြစ်သောကြောင့် 30 MB ခန့် download ရယူရန်လိုအပ်သဖြင့် အင်တာနက်နှေးပါ စိတ်ရှည်စွာ သည်းခံ၍ပြုလုပ်လိုက်ပါ။ မလုပ်လို့မရပါဘူး။ မလုပ်ရင် နောက်ထပ် command များကို ရိုက်ရင် packages များကို မတွေ့ပါဟု error ပြပါလိမ့်မည်။
ဒါက advanced packaging tool ဆိုတဲ့ apt ကို packages များအား ဘယ်မှာရှိသလဲဆိုတာ ညွှန်ပြပေးနိုင်တဲ့ database တွေ ကို up-to-date ဖြစ်အောင်လုပ်နေတာပါ။
ပြီးလျှင်
$ sudo apt-get install - -print-uris -y vlc ubuntu-restricted-extras wine | grep ^\' | cut -d\' -f2 > list
ဟု terminal တွင် ရိုက်ပြီး enter နှိပ်လိုက်ပါ။
မိမိရောက်ရှိနေသော directory အောက်တွင် list ဆိုသော ဖိုင်လေး တစ်ဖိုင်ရလာပါလိမ့်မည်။ အထဲမှာ လိုအပ်သော packages တွေကို download လုပ်လို့
ရမယ် address တွေ ပါပါတယ်။ vlc တို့ wine တို့ နေရာမှာ မိမိနှစ်သက် software နာမည်ကို ထည့်သွင်းနိုင်ပါတယ်။ ရလဲရနိုင်မယ့် နာမည်တော့ ဖြစ်ဖို့ လိုပါတယ်။၄င်း ဖိုင်လေးကို copy ကူးပြီး အခြားအင်တာနက်ရသော ကွန်ပျူတာသို့သွားပါ။ အခြားကွန်ပျူတာသည် windows OS ဖြစ်တယ် ဆိုကြပါစို့။
windows OS ကွန်ပျူတာတွင် list ဆိုတဲ့ ဖိုင်လေးကို ကြည့်ပါက file extension မပါသည့်အတွက် ဘာနှင့် ဖွင့်ရမှန်းသိမှာ မဟုတ်ပါဘူး။ open with ဖြင့် ရွေးချယ်ပြီး browser တစ်ခုခုဖြင့် ဖွင့်လိုက်ပါ။ address အများကြီးကို တွေ့ပါလိမ့်မယ်။
IDM ရှိလျှင် အဆင်ပြေပါတယ်။ Download all links with IDM ဆိုရင် ရပါတယ်။ download ပြုလုပ်မယ့် directory ရွေးချယ်ပြီး download ပြုလုပ်လိုက်ပါ။ ရလာတဲ့ packages တွေကို မိမိ ubuntu OS ဆီ ပြန်ယူသွားလိုက်ပါ။
မိမိစက်ကိုရောက်ရင် ဥပမာ desktop ပေါ်ကို packages ဆိုတဲ့ folder အနေနဲ့ copy ကူးလိုက်တယ် ထားပါတော့။ packages folder ထဲတွင် download ပြုလုပ်လာသော packages များအားလုံး ရှိသည်ဆိုလျှင်
install လုပ်နိုင်သည့် command မှာ
$ sudo dpkg -i Desktop/packages/*.deb
ဟု terminal တွင် ရိုက်၍ enter နှိပ်လိုက်ရင် ရပါပြီ။
တစ်ခုတော့ရှိပါတယ်။ အဲသလို လုပ်တဲ့အချိန် အင်တာနက်ချိတ်ထားပေးနိုင် ပိုကောင်း တယ်။ ဘာကြောင့်လဲဆိုတော့ ubuntu-restricted-extras မှာပါတဲ့ packages နှစ်ခုက တင်တဲ့အချိန် အင်တာနက်တောင်းလို့ပါ။ မချိတ်ထားလဲရပါတယ်။ အင်တာနက်တောင်းရင် ctrl + c နှိပ်ပေးလိုက်ပါ။ အသစ်စက်စက် တင်ထားသော ubuntu အတွက် vlc က packages ၇၀ ကျော်နှင့် 17.7 MB လောက် ရှိတယ်။ ubuntu-restricted-extras ကလဲ ၉၀ ကျော်နှင့် 50 MB လောက်ရှိတယ်။ သူတို့ နှစ်ခုကို တစ်ခုချင်းစီ download လုပ်ရင် ဒီပမာဏတွေလောက် ရှိပါတယ်။ ဒါပေမယ့် တူနေတဲ့ packages က ၃၃ ခုလောက်ဖြစ်
နေ တယ်။ ပြောချင်တာက လိုချင်တဲ့ packages တွေအတွက် list ထုတ်တဲ့ command ရိုက်ရင် packages နာမည်တွေကို တစ်ခါတည်း space ခြားပြီး ဆက်တိုက်ရေးပေးလိုက်ရင် တူနေမယ့် dependencies packagesတွေကို လျော့ချနိုင်ပါတယ်။
အဆင်ပြေကြပါစေ။
ထင်လင်းကျော်
10/2/15